Accounting အလုပ်နဲ့ပတ်သက်ပြီး ကျွန်တော်တို့ကို မေးထားတာရှိပါတယ် ..
ဒီအတွက် ပိုစ်တင်ပေးလိုက်ခြင်းပါ .. အခု ဒီအလုပ်နဲ့ပတ်သက်ပြီး မြန်မာနိင်ငံ မှ
လူတွေကို ခေါ်ကျပါတယ်.. ဒါပေမဲ့ တချို့ တလေ မရကျတာများတယ်။ အခေါ်များ
ပေမဲ့ မရကျဘူး .. သူတိုအလုပ်ရှင်တွေရဲ့ အဓိက လိုအပ်ချက်ကတော့
ဆက်ဆံရေးပြေပစ်ဖို့ .... အင်္ဂလိပ်စာနဲ့ တရုတ်စာ ရေးတတ်ဖတ်တတ်ဖို့
အနည်းဆုံး တစ်ပတ်မှာ ၅ ရက် ၆ ရက်လုပ်နိုင်ဖို့ အချိန်ပို လုပ်နိုင်ဖို့ ၊
တွက်ချက်တာမှန်ကန်တိကျဖို့၊ အလုပ်အတွေအကြံရှိဖို့ ပေါ။
ကျန်တာကတော့ ပညာအရည်အချင်းပေါ့ ... တချို့ အလုပ်ဆိုရင် နိုင်ငံခြားတောင်
သွားလာရတာ ရှိပါသေးတယ်။ အဓိကကတော့ လုပ်နိုင်ကိုင်နိင်ဖို့ .. အမှားအယွင်း
နည်းဖို့ပေါ့ ။ ဒီမှာ ခေါ်နေကျတာတွေက ACCA ဒီပလိုမာ ရှိတဲ့သူတွေကို
အခေါ်များကျပါတယ်။ နော်ထပ် CAT ပြီးတဲ့လူတွေကိုလည်း
ခေါ်ကျပါတယ်။ ဒါပေမဲ့ အရမ်းနည်းတယ်ပေါ့။ ( GCE ' O ' level ပြီးတဲ့လူတွေ
လည်းခေါ်ကျတာကို တွေပါတယ် )
နောက်ပြီး အဓိကလိုအပ်ချက်တစ်ခုက Singaporean, PRs and Malaysian တွေ
ကို အခေါ်များပါတယ်။ မြန်မာနိုင်ငံသားတွေ နေကတော့ experience ရှိတဲ့လူတွေ
ကို ခေါ်ကျပါတယ်။ အဓိကအချက်ကတော့ ဗျာ ... ကိုယ့်ကိုကိုယ် ယုံကြည့်ချက်
ထားကျတာအကောင်းဆုံးပါပဲ။ ကံကောင်းကျပါစေ လိုပဲဆုတောင်းပေးပါတယ်ဗျာ။
အလုပ်နင့်ပတ်သက်၍ ကူညီ မေးမြန်းပေးပို့ နိုင်ပါတယ်
ဒီမှာ အလုပ်နဲ့ပတ်သက်ပြီး ဆွေးနွေးနိုင်ပါတယ်
ဒီဘလော့စ်က အလုပ်လိုချင်တဲ့ လူတွေအတွက် လုပ်ပေးထားတာပါ...
အားလုံး လွတ်လွတ်လပ်လပ် ပြောနိုင်ပါတယ်။
မိတ်ဆွေတို့ဆီမှာလည်း အလုပ်နဲ့ပတ်သက်တဲ့ Information လေးတွေရှိရင်လည်း ရေးပေးပါ...
တယောက်နဲ့တယောက် ၀ိုင်းဝန်းကူညီကြပါ။
ကျွန်တော်လည်း အလုပ်နဲ့ပတ်သက်တဲ့ Information တွေကို သိသမျှတတ်သမျှတင်ပေးသွားမှာပါ။
အားလုံးကို အစွန်းစုံမကူညီနိင်ပေမဲ့လည်း ... အတတ်နိင်ဆုံး ကူညီပေးသွားမှာပါ .. မိတ်ဆွေ သူငယ်ချင်းများ လည်း
ကိုယ့်မှာရှိတဲ့ Information တွေကို ပေးပို့ကူညီနိင်ပါတယ် ..
ပေးပိုနိုင်တဲ့ လိပ်စာများကတော့
saishanlay123@gmail.com , hanhtutzaw.84@gmail.com, saishanlay@hotmail.com, shanlay.sai123@googlemail.com, maunghanhtutzaw@hotmail.com, ei.chenjz@gmail.com
ei.chenjz@yahoo.com.sg, maunghanhtutzaw@yahoo.com.sg, sai.shanlay@yahoo.com.sg
အားလုံးကို ကျေးဇူးတင်ပါတယ်...

Accounting
Subscribe to:
Post Comments (Atom)

No comments:
Post a Comment